အရေးပေါ်မြေပြင်ကယ်ဆယ်ရေး စစ်ကောင်စီ မလုပ်နိုင် (ရုပ်/သံ)
ဧရာဝတီ၊ မတ်လ ၃၀၊ ၂၀၂၅
အင်အား ၇ ဒဿမ ၇ ပြင်းအားရှိတဲ့ ငလျင်ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေသူတွေကို ငလျင်လှုပ်ပြီး ၄၈ နာရီ ကြာတဲ့ အထိ ထိထိရောက်ရောက် ကူညီကယ်ဆယ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေပါတယ်။
နေပြည်တော်နဲ့ မန္တလေးမှာ စစ်ခေါင်းဆောင် ကိုယ်တိုင် လူလုံးထွက်ပြတာတွေရှိပေမယ့် တကယ့်မြေပြင် အပျက်အစီးတွေထဲ ပိတ်မိနေသူတွေကိုတော့ နေရာအများစုမှာ ပရဟိတ အသင်းတွေနဲ့အရပ်သားတွေက ကိုယ့်အားကိုယ်ကိုး ကယ်ထုတ်နေကြရတာဖြစ်ပါတယ်။
ကျွမ်းကျင် ကယ်ဆယ်ရေးသမားတွေ၊ လူအင်အား၊ နည်းပညာနဲ့ စက်ကရိယာတွေ အသုံးပြု လုပ်ဆောင်နိုင်ခြင်း မရှိတာကြောင့် မဆုံးရှုံးသင့်တဲ့ အသက်တွေ ထပ်ပြီး သေဆုံးနိုင်တယ်လို့
ကယ်ဆယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးကြပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #ကယ်ဆယ်ရေး #စစ်ကောင်စီ #ပိတ်မိ #ပရဟိတ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy