သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

သရုပ်ဆောင် မင်းအောင်လှိုင် (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၆၊ ၂၀၂၅

တိုင်းပြည် ဘေးဒုက္ခကြုံရချိန်တိုင်းမှာ မယောင်ရာဆီလူး လုပ်နေတာကိုအမြဲလို တွေ့နေရတဲ့ အာဏာသိမ်း ခေါင်းဆောင်ဟာ ဒီတခေါက်မှာတော့ငလျင်ဒဏ်သင့် နေရာတွေထဲက နေပြည်တော်နဲ့ မန္တလေးကို ကွင်းဆင်းကြည့်ရှုမှုတွေ လုပ်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း သူသွားကြည့်ခဲ့တဲ့နေရာတွေက အဆောက်အအုံပျက်တွေအောက်မှာ ပိတ်မိနေတဲ့ပြည်သူတွေရဲ့ အသက်ကိုတောင် ထိထိရောက်ရောက်မကယ်တင်ဘဲ လူလုံးပြ ဓာတ်ပုံရိုက်ခံနေသူ၊ သရုပ်ဆောင်နေသူ ဆိုပြီးနေပြည်တော် ဝန်ထမ်း တန်းလျားက စစ်ကောင်စီ ဝန်ထမ်းတွေ၊ မြေပြင်ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အရပ်သားတွေက ပြောနေကြပါတယ်။

ပိတ်မိလို့ သေဆုံးသွားရတဲ့ မိသားစုတွေဝင်ရဲ့ လူမှုကွန်ရက်စာမျက်နှာတွေမှာမျှဝေမှုတွေနဲ့ မြေပြင်အခြေအနေ သိရှိသူတွေရဲ့ ပြောပြချက်တွေအရသေဆုံးမှုတွေဟာ ကယ်ဆယ်ရေးထိထိရောက်ရောက်မရလို့ အသက်မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ကြရတာတွေ အများအပြားရှိတယ်လို့ညီးတွားကြပါတယ်။

ကမ္ဘာ့ နိုင်ငံပေါင်း ၁၄၅ နိုင်ငံရဲ့ စစ်ရေးအင်အားတွေကို နှိုင်းယှဉ်ထုတ်ပြန်တဲ့ Global Firepower (GFP) ရဲ့ ၂၀၂၅ ခုနှစ် အဆင့်သတ်မှတ်ချက် အရကမ္ဘာ့အဆင့် ၃၇၊ အရှေ့တောင်အာရှ အာစီယံနိုင်ငံတွေထဲမှာ အဆင့် ၅ ရှိတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဦးဆောင်တဲ့ မြန်မာစစ်တပ်ဟာ ငလျင်ကြောင့် ပိတ်မိနေသူတွေကို ဝင်ရောက်ကူညီခြင်း မရှိခဲ့လို့ ဝေဖန်မှုတွေ ခံနေရတာလည်းဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #မင်းအောင်လှိုင် #သရုပ်ဆောင် #MyanmarEarthquake #WhatHappensInMyanmar

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *