မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

မြို့ပျက်ကြီးလိုဖြစ်သွားပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ဟာ အင်အားပြင်း ငလျင်ကြောင့် လူနေအဆောက်အဦတွေ၊ သာသနိက အဆောက်အဦတွေ၊ နံရံတံတိုင်းတွေနဲ့ လမ်းတွေ ဆိုးဆိုးဝါးဝါး ပျက်စီးသွားခဲ့ပြီး ပြိုပျက်နေတဲ့ အဆောက်အဦတွေအောက်မှာ ပိတ်မိနေတဲ့ ရုပ်အလောင်းတွေကိုလည်း မတ်လ ၃၁ ရက်နေ့အထိ ထိရောက်တဲ့ ကယ်ဆယ်ရေးတွေ မလုပ်နိုင်သေးပါဘူး။

စစ်ကိုင်းမြို့ဟာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး ယန္တယားအောက်မှာ ရှိနေတာဖြစ်ပေမယ့် စစ်တပ်အပါအဝင် စစ်ကောင်စီရဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်မှုတွေကို ငလျင်လှုပ်ပြီး ၄ ရက်မြောက်နေ့အထိ မတွေ့ရပါဘူး။ မြို့ပေါ်မှာ ပရဟိတ အသင်းတွေနဲ့ မြို့ခံပြည်သူတွေကတော့ တပိုင်တနိုင် ကူညီကယ်ဆယ်ရေးလုပ်နေကြတာကိုတော့ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် လူအင်အား မလုံလောက်တာ၊ ကျွမ်းကျင်တဲ့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေ မရောက်နိုင်သေးတာ၊ စက်ယန္တရားတွေနဲ့ နည်းပညာအထောက်အကူပြုကရိယာတွေ မရှိတာကြောင့် ကူညီကယ်ဆယ်ရေးတွေက ထိထိရောက်ရောက် မလုပ်ဆောင်နိုင်တာလို့ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူက ပြောပြပါတယ်။

#မြန်မာ #ဧရာဝတီ #စစ်ကိုင်း #ငလျင် #WhatHappensInMyanmar #MyanmarEarthquake
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *