ဧရာဝတီ၊ မေ ၂၀၊ ၂၀၂၅
တရုတ်အစိုးရအနေဖြင့် စစ်ကောင်စီကဲ့သို့ ဘက်ပေါင်းစုံ အကျပ်အတည်း တွေ့နေသဖြင့် မိမိ အာဏာတည်မြဲရေးအတွက် တိုင်းပြည်ကို လက်ညိုးထိုး ရောင်းစားရန် ဝန်မလေးသူအား ကူညီနေခြင်းသည် တရုတ်တို့အတွက် ဩဇာခံ၊ ကြိုးဆွဲခံ ရုပ်သေးအစိုးရတရပ် ဖန်တီးနေခြင်းသာဖြစ်ပြီး မြန်မာလူထုထောက်ခံမှု ရလိမ့်မည် မဟုတ်ပေ။
လက်ရှိ လားရှိုးမြို့ စစ်တပ်လက်ထဲ ပြန်လည် ရောက်ရှိသွားခြင်းသည် စစ်ရှုံးနေသော စစ်ကောင်စီအား တရုတ်တို့က ဗြောင်အတိအလင်း ကူညီ၍ သိမ်းပိုက်ပေးခြင်းဖြစ်ရာ နောက်ထပ်လည်း လက်ရဲ ဇက်ရဲနှင့် လုပ်လာဖွယ်ရှိသည်ဟု အများက ရှုမြင်ပြီး သတိကြီးစွာ ထားနေကြသည်။
လားရှိုးဖြစ်စဉ်သည် တော်လှန်ရေးအင်အားစုများအတွက် စိတ်ရှုပ်ထွေးဖွယ်ရှိသော်လည်း တပြည်လုံး အတိုင်းအတာအရ နွေဦးအင်အားစုများ စိတ်ဓာတ်ကျဆင်းသွားသည်ကို မတွေ့ရဘဲ တပြည်လုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲ အရှိန်အဟုန် ဆက်လက် မြင့်တက်နေသည်ကိုသာ တွေ့ရသည်။ လက်တွေ့ စစ်မြေပြင်အနှံ့အပြားတွင် စစ်တပ် တပ်ဖွဲ့ဝင်များ စစ်ရှုံးနေသည့်အပြင် လက်နက်ချသူများ ပိုမိုများပြားလာနေသည်ကို တွေ့မြင်နေရ၏။
လားရှိုးဖြစ်စဉ်က နွေဦးလက်နက်ကိုင်တော်လှန်ရေးကို ဦးချိုးရန် ရည်ရွယ်ခဲ့သည်ဟု အများက ယူဆကြ၏။ ဤယူဆချက် မှန်ကန်သည်ဆိုပါကလည်း လက်တွေ့မြေပြင်အခြေအနေသည် စစ်အာဏာရှင်နှင့် အပေါင်းအပါတို့ ယူဆမျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
#မြန်မာ #ဧရာဝတီ #တရုတ် #လားရှိုး #MNDAA #WhathappensInMyanmar
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR