စစ်ကိုင်းမြို့က အပုတ်နံတွေနဲ့ တကယ့်မြို့ပျက်ကြီးဖြစ်သွားပြီ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၃၀၊ ၂၀၂၅
စစ်ကိုင်းမြို့ပေါ်မှာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုများခဲ့ပြီး ပြိုကျနေတဲ့ အဆောက်အဦးတွေကိုဖယ်ရှားနိုင်ခြင်း မရှိသေးဘဲ အပျက်အစီးကြား ပိတ်မိ သေဆုံးသူတွေများပြားနေတာကြောင့် မြို့မှာ အပုတ်နံ့တွေနဲ့ အကူအညီများစွာလိုအပ်နေတယ်လို့ စစ်ကိုင်းမြို့ခံတဦးက ဧရာဝတီကို ပြောပါတယ်။
လက်ရှိ ကူညီကယ်ဆယ်ရေးတွေရောက်လာပေမယ့် လူအားရော၊ စက်ပစ္စည်းတွေပါ လိုအပ်နေသေးသလို၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် သောက်သုံးရေနဲ့ စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ဆိုပါတယ်။
ငလျင်ဗဟိုချက်အဖြစ် အင်အားပြင်း ငလျင်ဒဏ်ကို ခံခဲ့ရတဲ့ စစ်ကိုင်းမြို့ဟာ မြို့ရဲ့ ၈၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားတာကြောင့် မြို့ပျက်ကြီးလို ဖြစ်နေပြီလို့ ပြောပြပါတယ်။
စစ်ကိုင်းမြို့ရဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေ၊ ကယ်ဆယ်ရေးလိုအပ်ချက်တွေနဲ့ ဒေသခံပြည်သူတွေရဲ့ စိုးရိမ်ပူပန်မှုတွေအကြောင်းကို စစ်ကိုင်းတိုင်း ဒေသခံပြည်သူတဦးနဲ့ ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။
#မြန်မာ #ဧရာဝတီ #ငလျင် #စစ်ကိုင်းမြို့ #ကူညီကယ်ဆယ်ရေး #ပိတ်မိ #Myanmarearthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy