ငလျင်ဘေးသင့် ပြည်သူတွေကို ကျနော်တို့ဆီမှာ ခိုလှုံခွင့်ပေးမယ် (ရုပ်/သံ)

ငလျင်ဘေးသင့် ပြည်သူတွေကို ကျနော်တို့ဆီမှာ ခိုလှုံခွင့်ပေးမယ် (ရုပ်/သံ)

ငလျင်ဘေးသင့် ပြည်သူတွေကို ကျနော်တို့ဆီမှာ ခိုလှုံခွင့်ပေးမယ် (ရုပ်/သံ)

ဧရာဝတီ၊ မတ် ၃၁၊ ၂၀၂၅

ငလျင်အန္တရာယ်ကြောင့် ကရင်နီပြည်အတွင်း လာရောက်ခိုလှုံလိုကြတဲ့ ပြည်သူတွေကို လူမျိုးဘာသာမရွေး လက်ခံပြီး နေထိုင်၊ စားသောက်ရေးတွေအတွက် အတတ်နိုင်ဆုံး အကူအညီပေးသွားမယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ ဒုဥက္ကဋ္ဌ ခွန်းဘီထူး က အတည်ပြုပါတယ်။

အရေးပေါ်လိုအပ်ချက်တွေအတွက် IEC ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာန ပြည်ထဲရေးဌာန/အရေးပေါ်ကယ်ဆယ်ရေးဌာနခွဲ တွေကို ဆက်သွယ်နိုင်တယ်လို့ မတ်လ ၂၉ ရက်နေ့က ထုတ်ပြန်တဲ့ IEC ရဲ့ ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ ထုတ်ပြန်ချက်မှာလည်း ဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ ငလျင်ကယ်ဆယ်ရေး ကာလအတွင်း စစ်ဆင်ရေးတွေကို ယာယီ ရပ်နားထားတယ်လို့လည်း ခွန်းဘီထူး က ပြောပါတယ်။

ငလျင်ဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး IEC က ခိုလှုံခွင့်ပေးမယ့် အကြောင်း အပါအဝင် စိုးရိမ်ချက်တွေနဲ့ ဆက်စပ်ပြီး ကရင်နီကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ (IEC) ဒုဥက္ကဋ္ဌ လည်းဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ခွန်းဘီထူးကို ဧရာဝတီ မြန်မာပိုင်း အယ်ဒီတာ ကျော်ခ က တွေ့ဆုံမေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #ခွန်းဘီထူး #ငလျင် #KNDF #IEC #MyanmarEarthquake
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *