ငလျင်က နောက်ဆုံးမကြည့်နိုင်တဲ့အထိဖြစ်ရတယ် (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၂၁၊ ၂၀၂၅
ပြည်သူတွေ ငလျင်ဒဏ်ခံစားနေရတဲ့ မြင်ကွင်းတွေဟာ ဆက်မကြည့်နိုင်တဲ့အထိ စိတ်မကောင်းဖြစ်ရတယ်လို့ အဆိုတော် Rဇာနည်က ပြောပါတယ်။
မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ကူညီကယ်ဆယ်ရေး ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ဧပြီ ၁၉ ရက်နေ့က အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ကျင်းပခဲ့ရာ အဆိုတော် R ဇာနည်လည်း ပါဝင်သီဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြတဲ့ အနုပညာရှင်တွေထဲမှာ အဆိုတော် Rဇာနည်ဟာလည်း တဦးအပါအဝင်ဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ ဖမ်းဝရမ်းထုတ်တာကိုခံခဲ့ရပြီးနောက် အမေရိကန်ပြည်ထောင်စု မှာ သွားရောက်ခိုလှုံနေရတာပါ။
#မြန်မာ #ဧရာဝတီ #Rဇာနည် #ငလျင် #အမေရိကန် #မေရီလန်း #ဂီတဖျော်ဖြေပွဲ #ရန်ပုံငွေ