လားရှိုးက ဆုတ်ခွာဖို့ သဘောတူညီချက်မရ (ရုပ်/သံ)
ဧရာဝတီ၊ မတ် ၂၅၊ ၂၀၂၅
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတပ်တို့ကြား တရုတ်နိုင်ငံ ကူမင်းမြို့မှာ မတ်လ ၂၂ ရက်ကနေ ၂၄ ရက်အထိ ၃ ရက်ကြာ တွေ့ဆုံဆွေးနွေးပွဲမှာ သဘောတူညီမှု တစုံတရာမရခဲ့ဘူးလို့ MNDAAနဲ့ စစ်ရေးနီးစပ်သူတွေဆီကနေ သိရပါတယ်။
အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်-ရမခ တည်ရှိရာ လားရှိုးမြို့ကနေ MNDAA ပြန်လည် ဆုတ်ခွာပေးဖို့ အဓိက ဆွေးနွေးခဲ့ကြတာလို့ MNDAA ဗဟိုကော်မတီဝင်တွေနဲ့ နီးစပ်သူကဆိုပါတယ်။
အခု ဆွေးနွေးပွဲမှာ တရုတ်နိုင်ငံဘက်က နယ်စပ်ကုန်သွယ်ရေးဂိတ်တွေပြန်ဖွင့်နိုင်ဖို့ နယ်မြေ တည်ငြိမ်အေးချမ်းဖို့ကို ကြားဝင်ညှိနှိုင်းခဲ့ပြီး MNDAA ဘက်ကလည်း နယ်စပ်ကုန်သွယ်ရေးကိစ္စ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။
#မြန်မာ #ဧရာဝတီ #လားရှိုး #ရမခ #MNDAA #တရုတ် #ကူမင်း #ဆွေးနွေးပွဲ #စစ်ကောင်စီ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy