နိုင်ငံတကာအကူအညီ ငလျင်ဘေးသင့်ပြည်သူတွေ မရ (ရုပ်/သံ)
ဧရာဝတီ၊ ဧပြီ ၁၄၊ ၂၀၂၅
အင်အားပြင်း ငလျင်လှုပ်ခတ်မှု ၂ ပတ်ကျော်ကြာလာခဲ့ပြီဖြစ်ပေမယ့် ငလျင်ဘေးသင့် ပြည်သူတွေဟာ ခုချိန်ထိ စစ်ကောင်စီထံ နိုင်ငံတကာက ပေးပို့ထားတဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ခံစားခွင့်မရသေးဘဲ ပြည်သူအချင်းချင်း ဖေးမကူညီမှုတွေနဲ့သာ ရပ်တည်နေကြရတယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ငလျင်ဒဏ်ခံခဲ့ရတဲ့ ဒေသတွေအတွက် WHO နဲ့ UNICEF Myanmar အဖွဲ့တွေအပြင် စင်ကာပူ၊ တရုတ်၊ ပါကစ္စတန်၊ ရုရှား၊ အိန္ဒိယ၊ ဟောင်ကောင်၊ အမေရိကန်၊ နီပေါ၊ ဗီယက်နမ်၊ ဩစတြေးလျ၊ မလေးရှား၊ ဘယ်လာရုစ်၊ ထိုင်း၊ သီရိလင်္ကာ၊ လာအို၊ ဘူတန်၊ အင်ဒိုနီးရှား၊ ဂျပန်၊ ဖိလစ်ပိုင်၊ ယူအေအီးလို နိုင်ငံပေါင်းစုံကနေ အကူအညီတွေ ပေးပို့လှူဒါန်းခဲ့ကြပါတယ်။
အဓိက လှူဒါန်းကြတဲ့ ပစ္စည်းတွေကတော့ စားနပ်ရိက္ခာတွေ၊ ရွက်ဖျင်တဲတွေ၊ ယာယီတဲတွေ၊ ရေသန့်စက်တွေ၊ ဆေးဝါးတွေ၊ လူသုံးကုန်ပစ္စည်းတွေနဲ့ တကိုယ်ရည်သုံး ပစ္စည်းတွေပဲ အများဆုံး ဖြစ်ပါတယ်။
ဒါပေမယ့် အဲ့ဒီနိုင်ငံတကာက ပို့လိုက်တဲ့ အကူအညီပစ္စည်းတွေဟာ စစ်ကောင်စီဆီကိုပဲ ရောက်သွားပြီးတော့ တကယ့်ငလျင်ဒဏ်ခံရတဲ့ ပြည်သူတွေ၊ ဘေးသင့်သူတွေဆီကို ဒီနေ့အထိ လုံးဝ မရောက်သေးဘူးလို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ အဖွဲ့တွေနဲ့ ငလျင်ဘေးသင့်ပြည်သူတွေ ကိုယ်တိုင်က ပြောနေကြတာ ဖြစ်ပါတယ်။
ငလျင်ဒဏ် အပြင်းအထန်ကြုံတွေ့ခဲ့ရတဲ့ မန္တလေးမှာရော အခြေအနေတွေ ဘယ်လို ကြုံနေကြရသလဲဆိုတာကို မြေပြင်က ဒေသခံတဦးကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။
#ဧရာဝတီ #မြန်မာ #ငလျင် #မန္တလေး #လူသားချင်းစာနာထောက်ထားမှုအကူအညီ #MyanmarEarthquake #WhathappensInMyanmar