ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင် (ရုပ်/သံ)

ငလျင်ဒဏ်ခံရတဲ့နေရာတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင် (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၉၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ရေမျက်ကြီးအင်းအနီး ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းက စစ်ကိုင်း၊ မန္တလေး နဲ့ နေပြည်တော် အနီးတဝိုက် မှာ မြေကြီးအက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ပြီးနောက် မန္တလေးမြို့နယ်၊ ဧရာဝတီမြစ်ကမ်းဘေးအနီး ပခုက္ကူမြို့နယ်က မြေနုကျွန်း ကျေးရွာတွေမှာ မြေအောက်ရေတွေ လျှံတက်လာတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။

ကရင်နီပြည်နယ်မှာလည်း ငလျင်ဖြစ်ပြီးနောက် ကြီးမားတဲ့ မြေကျွံပေါက်ကြီးတွေ ထွက်ပေါ်လာခဲ့တာကို တွေ့ရပြီး လက်ရှိငလျင်ဒဏ်ခံထားရတဲ့ ဒေသတွေမှာ မိုးများရင် မြေကျွံပေါက်တွေဖြစ်လာနိုင်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။

ငလျင်အပြီး မိုးရွာသွန်းနိုင်တဲ့အခြေအနေ၊ မြေအောက်ရေ လျှံထွက်တဲ့အခြေအနေတွေနဲ့ မိုးသည်းထန်စွာရွာသွန်းရင် ဖြစ်လာနိုင်မှာတွေနဲ့ပတ်သက်ပြီး မိုးလေဝသပညာရှင် ဦးဝင်းနိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းထားပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #မိုးရွာသွန်းမှု #မြေအောက်ရေ #မြေကျွံပေါက် #မိုးလေဝသ #ဦးဝင်းနိုင်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *