နိုင်ငံတကာသတင်းဌာနတွေ ဝင်ဖို့ စစ်ကောင်စီခွင့်မပြု (ရုပ်/သံ)

နိုင်ငံတကာသတင်းဌာနတွေ ဝင်ဖို့ စစ်ကောင်စီခွင့်မပြု (ရုပ်/သံ)

မြန်မာနိုင်ငံအတွင်း ငလျင်ဒဏ်သင့် ဒေသတွေကို သွားရောက်သတင်းယူဖို့ နိုင်ငံတကာ သတင်းဌာနတွေကတင်ပြတောင်းဆိုမှုတွေရှိပေမယ့် ဝင်ခွင့် ပြုမထားဘူးလို့အာဏာသိမ်း စစ်ကောင်စီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း က ပြောဆိုထားပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြထားတဲ့ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်ထဲမှာတော့ နိုင်ငံတကာမီဒီယာတွေကို ဝင်ရောက်ခွင့် မပြုခြင်းဟာ နေထိုင်တည်းခိုစရာမရှိလို့ ဆိုပြီး အကြောင်းပြချက်ပေးထားတာပါ။

စစ်ကောင်စီအနေနဲ့လက်ရှိမှာ နိုင်ငံတကာကို ငလျင်အတွက် အကူအညီတွေ ပေးဖို့တောင်းခံထားပေမယ့် လက်တွေ့မြေပြင်မှာတော့ ထိထိရောက်အကူညီတွေတာမျိုးတွေ မရှိတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေပြီးတော့ စစ်ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတာပါ။

ဒီိလိုမျိုး စစ်ကောင်စီက သူတို့ဆက်လက် ကျူးလွန်နေဆဲစစ်ရာဇဝတ်မှုတွေနဲ့ ငလျင်အခြေအနေတွေနဲ့ပတ်သက်ပြီး မြေပြင် အခြေအနေ သတင်းအမှန်တွေပျံ့နှံ့သွားမှာကိုလည်း စိုးရိမ်တဲ့အတွက် လွတ်လပ်တဲ့သတင်းဌာနတွေကို ဝင်ခွင့်ပိတ်ပင်တာလို့ လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။

#မြန်မာ #ဧရာဝတီ #ငလျင် #နိုင်ငံတကာမီဒီယာ #သတင်းယူ #စစ်ရာဇဝတ်မှု #ဗိုလ်ချုပ်ဇော်မင်းထွန်း #WhatHappensInMyanmar #MyanmarEarthquake

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *