စစ်ကောင်စီ ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ် (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ် (ရုပ်/သံ)

စစ်ကောင်စီ ရွေးကောက်ပွဲက တိုင်းပြည်ပြဿနာ ဖြေရှင်းနိုင်မည်မဟုတ် (ရုပ်/သံ)

ဧရာဝတီ၊ ဧပြီ ၁၊ ၂၀၂၅

စစ်တပ်အာဏာသိမ်းပြီး လေးနှစ်ကျော်လာခဲ့ပြီ ဖြစ်သော်လည်း စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် တိုင်းပြည်ကို တည်ငြိမ်အောင်၊ လက်တွေ့အခြေအနေနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲနိုင်စွမ်း၊ တာဝန်ယူနိုင်စွမ်း ရှိသည်ကို မတွေ့ရပေ။

ပြဿနာမှာ လက်ရှိ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် စစ်တပ်အာဏာသိမ်းပြီးနောက် ခြေလွန်လက်လွန် ပြုကျင့်သည်က များပြားလွန်းသဖြင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေတို့ကဲ့သို့ အရှင်ထွက် ထွက်နိုင်မည့် အခြေအနေမရှိရာ စစ်တပ်ကို ဖက်တွယ်ချုပ်ကိုင်ထားပြီး သူနှင့်အတူ သေတွင်းသို့ ဆွဲခေါ်နေသည်ဟု ဆိုရမည်။

သို့ဖြစ်ရာ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံရေး လက်တွေ့အခြေအ‌နေများကို ဖြေရှင်းနိုင်မည် မဟုတ်သဖြင့် မြန်မာနိုင်ငံရေး အကျပ်အတည်းအတွက် အဖြေမဟုတ်ပေ။ စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပသည်ဖြစ်စေ၊ မကျင်းပသည်ဖြစ်စေ မြန်မာပြည်အတွက် ထူးခြားသည့် အပြောင်းအလဲ ဖြစ်နိုင်ဖွယ် မရှိသကဲ့သို့ ရွေးကောက်ပွဲကြောင့် မြန်မာပြည် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပေါင်းစည်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့ ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

#မြန်မာ #ဧရာဝတီ #ရွေးကောက်ပွဲ #မင်းအောင်လှိုင် #စစ်ကောင်စီ #နေဝင်း #သန်းရွှေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

Comments

No comments yet. Why don’t you start the discussion?

ใส่ความเห็น

อีเมลของคุณจะไม่แสดงให้คนอื่นเห็น ช่องข้อมูลจำเป็นถูกทำเครื่องหมาย *